ခေတ်ကာလသစ်တွင် လူရည်ချွန်များဖြင့် တပ်မတော်အင်အား တောင့်တင်းစေရေး မဟာဗျူဟာကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-07-31 15:06:20  

ယခုနှစ် သြဂုတ်လ ၁ရက်နေ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် ၉၅နှစ်ပြည့်မြောက်နေ့ ဖြစ်သည်။ ယခုလ ၂၈ရက်နေ့ ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ခေတ်ကာလသစ်တွင် လူရည်ချွန်များဖြင့် တပ်မတော်အင်အား တောင့်တင်းစေရေး မဟာဗျူဟာ နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ၄၁ကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ဗဟို လူ့စွမ်းအား အရင်းအမြစ် လုပ်ငန်း အစည်းအဝေး၏ အနှစ်သာရကို ကျင့်သုံး ဆောင်ရွက်ပြီး ခေတ်ကာလသစ်တွင် လူရည်ချွန်များဖြင့် တပ်မတော်အင်အား တောင့်တင်းစေရေး မဟာဗျူဟာကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ကာ တပ်မတော် အင်အား တောင့်တင်းစေရေး လုပ်ငန်း အတွက် လူ့စွမ်းအား အရင်းအမြစ်၏ ဦးဆောင်မှုနှင့် ကျားကန်ပေးမှု အခန်းကဏ္ဍကို ပိုမို ကောင်းမွန်စွာ ဖော်ထုတ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။