RS(Remote Sensing)-အမှတ် ၃၅ ၀၃ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-07-30 13:42:29  

ယခုလ ၂၉ရက်နေ့ ည ၉နာရီ ၂၈မိနစ် အချိန်တွင် တရုတ်ပြည်သည် ရှီးချမ်း-ဂြိုဟ်တု လွှတ်တင်ရေး စင်တာ၌ ချန်ကျင်း-အမှတ် ၂ (ဃ) သယ်ဆောင်ဒုံးပျံဖြင့် RS(RemoteSensing)-အမှတ် ၃၅ ၀၃ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသည့် ပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့သည်။ ၄င်းဂြိုဟ်တုကို သိပ္ပံနည်းပညာ စမ်းသပ်မှု၊ နယ်မြေ အရင်းအမြစ် သန်းခေါင်စာရင်းကောက်ယူမှု၊ လယ်ယာထွက်ကုန် ပမာဏ ခန့်မှန်းမှု၊ ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး စသည့် နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုမည် ဖြစ်သည်။

ယင်းသည် ချန်ကျင်း သယ်ဆောင်ဒုံးပျံများ၏ ၄၂၉ကြိမ်မြောက် ပျံသန်းမှု ဖြစ်သည်။