RCEP အဖွဲ့ဝင်နိုင်ငံများသည် လူသုံးကုန်ပစ္စည်းများကုန်စည်ပြပွဲသို့ ပါဝင်ကြ

(GMT+08:00)2022-07-30 14:01:40  

ဇူလိုင်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂၀၂၂ခုနှစ် တရုတ်နိုင်ငံတကာ လူသုံးကုန် ပစ္စည်းများ ကုန်စည်ပြပွဲကို တရုတ်တောင်ဘက်အကျဆုံးပြည်နယ် ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် “ တံခါးဖွင့် အခွင့်အလမ်းများ မျှဝေ၊ လှပသောဘဝကို ဖန်တီး”ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည်။ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို စသော RCEP အဖွဲ့ဝင်နိုင်ငံများသည် ပြပွဲတွင် ပါဝင်ကြကြောင်း သတင်းအရ သိရပါသည်။

RCEPအဖွဲ့ဝင်နိုင်ငံများသည် မိမိနိုင်ငံ လုပ်ငန်းများ၏ အားသာချက်ကို အခြေခံ၍ အီလက်ထရွန်နစ် သိပ္ပံနည်းပညာ၊  ဖက်ရှင် နေ့စဉ်သုံးပစ္စည်းများ၊  ကျန်းမာရေးအစားအစာ စသော အဆင့်မြင့် စားသုံးမှုပစ္စည်းများကို ပြသကြသည်။