ရှန်ဟိုင်းတိရစ္ဆာန် ဥယျာဉ်တွင် ကျားမွေးမြူသူများ

(GMT+08:00)2022-07-30 13:43:17  

ရှန်ဟိုင်း တိရစ္ဆာန် ဥယျာဉ်တွင် ဘင်ဂေါကျား(Bengal Tiger)၊ စီဘယ်ရိကန်ကျား(Siberican Tiger)နှင့် တရုတ်တောင်ပိုင်းကျား(South China Tiger) ကျား၃မျိုး ရှိပြီး ကောင်ရေပေါင်း ၅၀ကျော် ရှိသည်။ ကျားအချို့မှ ကျားကလေးများကို မွေးဖွားပြီးနောက် ၄င်းကျားကလေးကို မွေးမြူရေးတာဝန်ကို လူငယ် မွေးမြူသူ ယန်ကျွင့်ကျယ်၊ ကျိုးချီနှင့် ဝမ်ယင်ဟော့တို့သည် စတင် ထမ်းဆောင်ကြသည်။

လက်ရှိအချိန်တွင် ၄င်းတို့ ၃ဦးသည် ဘင်ဂေါကျားကလေး ၂ကောင်နှင့် puma ကလေး ၂ကောင်ကို နေ့ရောညပါ မွေးမြူနေကြသည်။ ၄င်းတို့သည် ကျားနှင့် puma ကလေးများကို အချိန်သတ်မှတ်ထားပြီး နို့တိုက်ပြီး နေပူစာလှုံစေကာ နို့စို့ကလေးလို ကျားကလေးနှင့် pumaကလေးများကို သန်မာစွာ ကြီးပြင်းလာနိုင်အောင် ဂရုတစိုက် လိုလေသေး မရှိ ပြုစုစောင့်ရှောက်နေကြသည်။