ရှီကျင့်ဖိန်သည် အီရန် သမ္မတ ရိုင်စီနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-07-30 13:41:17  

ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီရန် သမ္မတ ရိုင်စီနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ စည်းလုံး ညီညွတ်ပြီး ဒေသတွင်းလုံခြုံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ပြည်သူများက ကိုယ့်နိုင်ငံ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေလေ့လာရန်  အမြဲ ထောက်ခံ အားပေးကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် မူဘောင်များတွင် အီရန်နှင့် ပိုမို ကူးလူးဖလှယ်ရန်နှင့် ပူပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို အီရန်က တက်တက်ကြွကြွ ထောက်ခံအားပေးခြင်းကို တန်ဖိုးထားချီကျူးကြောင်း၊ ယင်းအဆိုပြုချက်များကို လက်တွေ့ဖော်ဆောင်ရန်နှင့် နိုင်ငံတကာ စည်းစနစ်များအား ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ကို ရှေ့ရှုသွားစေရန် အီရန်နှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း အလေးထားဖော်ပြပါသည်။