ထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားစုများအား မှားယွင်းသော အချက်မပြရန် ဂျပန်ကို တည်ကြည်လေးနက်စွာ တိုက်တွန်း

(GMT+08:00)2022-07-30 13:41:56  

    ဂျပန်အစိုးရဝန်ထမ်းဟောင်းက ထိုင်ဝမ်သို့ သွားရောက်ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ထိုင်ဝမ်ရေးရာများဆိုင်ရာ ကတိပြုချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာ အရေးကိစ္စများကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုများအား မှားယွင်းသော အချက်မပြရန် ဂျပန်အား တည်ကြည် လေးနက်စွာ တိုက်တွန်းကြောင်း၊ ထိုင်ဝမ်ဒေသသည် တရုတ်ပြည်၏ ခွဲခြား၍ မရသော ပိုင်နက်နယ်မြေ ဖြစ်သဖြင့် တရုတ်ပြည်နှင့် သံတမန်ဆက်ဆံမှု ထားရှိသောနိုင်ငံများက ထိုင်ဝမ်နှင့် အစိုးရချင်း ဆက်ဆံမှုမှန်သမျှကို တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက် ထားကြောင်း အလေးထား ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။