အီရန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၅၃ဦးအထိ ရှိလာ

(GMT+08:00)2022-07-30 14:02:07  

ယခုလ ၂၉ရက်နေ့က အီရန် လခြမ်းနီအသင်းမှ ထုတ်ပြန်သည့်အချက်အလက်အရ ၂၃ရက်နေ့မှ ၂၉ ရက်နေ့ ၂၀ နာရီအထိ အီရန် ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူ ၅၃ဦး သေဆုံးပြီး ၁၆ ဦး ပျောက်ဆုံးနေကြောင်း၊ တီဟီရမ်မြို့တော်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများဆုံးဖြစ်ကြောင်း သတင်းအရ သိရပါသည်။

အီရန် လခြမ်းနီကယ်ဆယ်ရေးအဖွဲ့ အရာရှိ ဝါလိဖူလ်က ကယ်ဆယ်ရေးသမား ၃၀၀၀ခန့်သည် နေရာဒေသအရပ်ရပ်တွင် ကယ်ဆယ်နေကြကြောင်း၊ လူ ၃၀၀၀ခန့်သည် ယာယီတဲများတွင် နေထိုင်နေကြောင်း၊ လူ ၁၄၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။