ယခုတလော အမေရိကန်နှင့် တာလီဘန်အရာရှိတို့သည် အာဖဂန်ဗဟိုဘဏ်၏ နိုင်ငံခြားအရံငွေ အမေရိကန်ဒေါ်လာ ၃၊၄ဘီလီယံကို ယုံကြည်လွှဲအပ်ခြင်းရန်ပုံငွေသို့ လွှဲပေးရန် အဆိုပြုချက်နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ စေ့စပ် ဆွေးနွေးပွဲသည် တိုးတက်မှု အသင့်အတင့်ရရှိပြီဖြစ်သော်လည်း နှစ်ဖက်တို့သည် အာဖဂန်ဗဟိုဘဏ် အရာရှိများခန့်အပ်ရေး စသောကိစ္စများအပေါ် ကြီးမားသော သဘောကွဲလွဲမှု ရှိနေသေးကြောင်း China Media Groupမှ သတင်းအရသိရပါသည်။
အာဖဂန်ယာယီအစိုးရသည် ကန်အား အာဖဂန်ဗဟိုဘဏ်၏ အရင်းငွေကို လည်ပတ်စေရန် တိုက်တွန်း
(GMT+08:00)2022-07-30 14:02:31