အတွင်းမွန်ဂိုး ခရီးသွားလုပ်ငန်း Naadamညီလာခံကို ဖွင့်လှစ်

(GMT+08:00)2022-07-30 14:13:00  

ဇူလိုင်လ ၂၉ရက်နေ့က အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၃၂ကြိမ်မြောက် ခရီးသွားလုပ်ငန်း Naadamညီလာခံကို ရှီးလင်းဟောက်ထ်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် ခရီးသွားလုပ်ငန်း Naadamညီလာခံကို ကျင်းပစဉ်အတောအတွင်း မြင်းပြိုင်ပွဲ၊ နပန်းပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ စသော တိုင်းရင်းသားရိုးရာအားကစားပြိုင်ပွဲ နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အောင်ကျိုးရလဒ်ပြပွဲ စသောလှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ပြီး ဒေသအသီးသီးမှ ခရီးသည်များကို ဆွဲဆောင်လာပါသည်။