မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာသည် ပထမဆုံးအကြိမ် တရုတ် ရုပ်ရှင်ပွဲတော် ပြသမှုကို ကျင်းပတော့မည်

(GMT+08:00)2022-07-29 15:56:26  

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှသတင်းအရ လာမည့် ဩဂုတ် လဆန်းတွင်  ရန်ကုန်မြို့၌ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအကြောင်းများကို ဖော်ပြသည့် တရုတ် ရုပ်ရှင် ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ်အစီအစဉ်သည် China Media Groupနှင့် တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပသော ပထမဆုံးအကြိမ် တရုတ်ရုပ်ရှင်ပွဲတော် နိုင်ငံတကာ ပြသမှုအစီအစဉ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံ၏ ကျောင်းနှင့် လုပ်ငန်းကုမ္ပဏီများတို့ ပူးပေါင်းဆောင်ရွက်ပြီး လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလတွင် ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာ စသည့်နေရာများတွင် အော့ဖ်လိုင်းပြသမှု အစီအစဉ်များကို ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။