အမေရိကန်အထက်လွှတ်တော်မှ "ချစ်ပ်နှင့်သိပ္ပံနည်းပညာ ဥပဒေကြမ်း" အတည်ပြုခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00)2022-07-29 15:53:30  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက သက်ဆိုင်ရာ မေးမြန်းချက်ကိုဖြေကြားရာတွင် အမေရိကန်က မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် ၎င်း၏ ကိုယ်ပိုင်ကိစ္စ ဖြစ်သော်လည်း တရုတ်-အမေရိကန် သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှု ပုံမှန်ပူးပေါင်းဆောင်ရွက်မှုများအပေါ် အတားအဆီးများ မထားသင့်ကြောင်း ၂၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၇ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော်သည် ထောက်ခံမဲ ၆၄ မဲ ကန့်ကွက်မဲ ၃၃ မဲဖြင့် "ချစ်ပ်နှင့်သိပ္ပံနည်းပညာဥပဒေကြမ်း" ကိုအတည်ပြုခဲ့သည်။ သတင်းများအရ အဆိုပါဥပဒေကြမ်းသည် ချစ်ပ်များကဲ့သို့သော ခေတ်မီနယ်ပယ်များတွင် အမေရိကန်၏ အားသာချက်ကို မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။