တောင်ပင်လယ်၌ အမေရိကန်၏ ဇာတ်လမ်းဆင် တင်ဆက်မှုများ ရပ်တန့်သင့်ပြီ

(GMT+08:00)2022-07-29 15:54:43  

ဒီလအတွင်း အမေရိကန်က အောက်ပါ ဇာတ်လမ်းတွေကို အကြိမ်ကြိမ် တင်ဆက် ခဲ့သည်။ တစ်ဖက်မှာ စစ်င်္ဘောများ စေလွှတ်ပြီး တရုတ်ပြည်ရဲ့ တံခါးဝ ရှေ့ကိုရောက်ပြီး ရန်စမှု ပြုလုပ်ခဲ့သည်။ တစ်ဖက်မှာ ပြောင်းပြန်ပြီးတော့ တရားမျှတစွာ ကာကွယ်မှု ပြုတဲ့ တရုတ်ပြည်ဘက်ကို “မာန်စွယ်ငေါငေါနဲ့ လုပ်တယ်”လို့ ပုတ်ခတ်ပြောဆိုခဲ့သည်။ ဒီလ ၂၆ ရက်နေ့ကပဲ အမေရိကန် အရာရှိနှစ်ယောက်က တောင်ပင်လယ်ဆိုင်ရာ ဝါဒဖြန့်မှုလုပ်ပြီး တောင်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ “မာန်စွယ်ငေါငေါနဲ့ တာဝန်မယူတဲ့ လုပ်ဆောင်ချက်” ဟာ “အနှေးနဲ့အမြန် အရေးအခင်းကြီး” ဖြစ်စေမယ်လို့ ပြောခဲ့သည်။ အဲဒီနေ့ကပဲ အမေရိကန် စစ်တပ်မှ လေယာဉ်တင်သင်္ဘော Reagan သည် စင်ကာပူမှ ထွက်ခွာပြီး တောင်ပင်လယ်သို့ ထပ်တစ်ကြိမ် ခုတ်မောင်း ဝင်ရောက်လာခဲ့သည်။

ပြင်ပနိုင်ငံဖြစ်တဲ့ အမေရိကန်က နှစ်ပေါင်းများစွာအတွင်း ပင်လယ်ရေကြောင်း လွတ်လပ်မှုဆိုတဲ့ အလံနဲ့ တောင်ပင်လယ်ဒေသမှာ အင်အားရှိုးပြခြင်းဟာ တောင်ပင်လယ် မှာ မတည်မငြိမ်ဖြစ်မှုများကို ဖြစ်စေတဲ့ အကြီးဆုံး အကြောင်းရင်း ဖြစ်သည်။

တောင်ပင်လယ်ဒေသဟာ ပြင်ပနိုင်ငံတွေရဲ့ လှည့်လည် အမဲလိုက်ရာ နေရာ မဟုတ်သလို နိုင်ငံကြီးများ အားပြိုင်ရာနေရာလည်း မဖြစ်သင့်ပေ။ ယခုနှစ်များအတွင်း တရုတ်နဲ့ အာဆီယံမှ သက်ဆိုင်ရာနိုင်ငံများရဲ့ လက်တွဲကြိုးပမ်းမှုနဲ့ တောင်ပင်လယ် အခြေအနေဟာ ခြုံပြီးကြည့်ရင် ဆက်တိုက် တည်ငြိမ်ခဲ့သည်။ သူများကို “အနှေးနဲ့အမြန် အရေးအခင်းကြီး ဖြစ်စေမယ်”လို့ အော်ဟစ်တဲ့ အမေရိကန်ကသာ ဒုက္ခရှာသူ အနှောင့်အယှက် ပြုလုပ်သူ ဖြစ်ပြီး တောင်ပင်လယ်နဲ့ အာရှ ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် အကြီးဆုံး ခြိမ်းခြောက်မှုပဲ ဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံအားလုံးက ရှင်းရှင်းလင်းလင်း သိရှိပါကြောင်း China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်တွင် ရေးသား ဖေါ်ပြထားပါသည်။