ဒီကျေးရွာ ဘတ်စကက်ဘောပြိုင်ပွဲ တကယ်မိုက်တယ်

(GMT+08:00)2022-07-29 13:17:20  

မကြာခင်ရက်များက တရုတ် ကွေ့ကျိုးပြည်နယ် ထိုင်ကျန်းခရိုင် ထိုင်ဖန်ရွာ၌ ကျင်းပသော ကျေးရွာဘတ်စကက်ဘောပြိုင်ပွဲသည် တွစ်တာ အင်တာနက်အသုံးပြုသူများ၏ အာရုံ စိုက်မှုကို ခံခဲ့ရသည်။ ယင်းပြိုင်ပွဲကို နေ့ပိုင်းမှ ညအထိ ကျင်းပခဲ့ရာ ထောင်နှင့်ချီသော ပရိသတ်များ ဝိုင်းဝန်းထိုင်ကြပြီး ပွဲကြည့်ကြသဖြင့် NBA ပြိုင်ပွဲကဲ့သို့ စည်ကားသည်။

တရုတ်သက္ကရာဇ် ၆ လပိုင်း ၆ ရက်နေ့သည် ထိုင်ဖန်ရွာမှ မြောင်လူမျိုးများ၏ အရေးအကြီးဆုံးပွဲတော်နေ့ဖြစ်သည့် Chi Xin ကောက်သစ်စားပွဲတော်နေ့ဖြစ်သည်။ ဒေသခံလယ်သမားများသည် Chi Xin ပွဲတော်ကို အလုပ်များသော ရာသီ ပြီးနောက် သီးနှံအထွက်ကောင်းဖို့ ဆုတောင်းရန် ကျင်းပသောအရပ်ဘက် ရိုးရာပွဲတော်နေ့ဖြစ်ပြီး ငှက်တိုက်ခြင်း၊ နွားတိုက်ခြင်း၊ ဘတ်စကက်ဘောပြိုင်ပွဲစသည်တို့ကို ကျင်းပလေ့ရှိသည်။