ယူကရိန်းဒေသများရှိ စစ်ရေးအဆောက်အအုံများကို ရုရှားက ဒုံးကျည်များဖြင့် ပစ်ခတ်

(GMT+08:00)2022-07-29 15:52:28  

ရုရှားစစ်တပ်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်၏ ကွပ်ကဲရေး စခန်းများ၊ စစ်သားနှင့်စစ်သုံးပစ္စည်းများ စုစည်းရာနေရာများနှင့် ခဲယမ်းမီးကျောက် ဂိုဒေါင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည်လည်း ၂၈ ရက်နေ့တွင် Donetsk ဒေသ၌ ရုရှားစစ်တပ်၏ စစ်ရေးတိုက်ခိုက်မှုကို တွန်းလှန်ပြီး ယူကရိန်းတောင်ပိုင်း Kherson ဒေသတွင် တန်ပြန် ထိုးစစ်များကို ဆက်လက်ဆင်နွှဲခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။