ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ ဘက်စုံတည်ဆောက်ရေးအခန်းကဏ္ဍသစ်ကို ကြိုးပမ်းဖွင့်လှစ်ရန် ရှီကျင့်ဖိန် ပြောကြား

(GMT+08:00)2022-07-29 15:50:28  

ပြည်နယ်နှင့် ဝန်ကြီးဌာနအဆင့် အဓိက ကေဒါခေါင်းဆောင်များ “ပါတီအထွေထွေ အတွင်းရေးမှူးရှီကျင့်ဖိန်၏ မိန့်ခွန်းများ ရည်မှန်းချက် အကြောင်းအရာကို လေ့လာပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ဆီးကြိုခြင်း” ဆွေးနွေးပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဆွေးနွေးပွဲသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ ဘက်စုံတည်ဆောက်ပြီး ဒုတိယမြောက် နှစ်၁၀၀ ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက်သို့ ချီတက်နေသည့်ခရီးသစ်တွင် တရုတ်ကွန်မြူနစ်ပါတီ တစ်ရပ်လုံး အနေဖြင့် တရုတ်ထူးခြားချက်ပါရှိသော ဆိုရှယ်လစ်အလံကို ကိုင်ဆောင်ထားပြီး တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေအရ မာ့က်စ်ဝါဒ ကျင့်သုံးဖော်ဆောင်ရေးနှင့် ခေတ်နှင့် တစ်ပြေးညီဖြစ်ရေး နောက်ဆုံးအောင်ကျိုးရလဒ်များကို လမ်းညွှန်ချက်အဖြစ်ထားကာ တရုတ် ထူးခြားချက်ပါရှိသော ဆိုရှယ်လစ်လမ်းကြောင်း ဆိုင်ရာ  ယုံကြည်စိတ်ကိုခိုင်မာစေ၍ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းဖြစ်စဉ်ကို ဦးလည်မသုန် တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ်သစ်၊ ခရီးသစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုအလုပ်တာဝန်ကိုစွဲကိုင်ထားပြီး အတွေးအခေါ်သစ်၊ မဟာဗျူဟာသစ်၊ နည်းလမ်းသစ်ကို တင်ပြကာ ရဲရဲဝံ့ဝံ့၊ စည်းလုံးညီညွှတ်စွာ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ တည်ဆောက်ရေးအခန်းကဏ္ဍသစ်ကို ကြိုးပမ်းဖွင့်လှစ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် လီခေ့ချန်၊ လိကျန့်ဆူ၊ ဝမ်ယန်၊ ဝမ်ဟုနင်း၊ ကျောက်လေ့ကျိ၊ ဟန်ဇိန့်၊ နိုင်ငံတော် ဒုတိယဥက္ကဋ္ဌ ဝမ်ချီးဆန် တို့သည် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြ ပါသည်။