ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တွင် ရေတပ်နေ့ စစ်ရေးပြအခမ်းအနားအတွက် အစမ်း လေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2022-07-29 15:48:38  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တွင် ရေတပ်နေ့ စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ စိန့်ပီတာစဘတ်၌ ကျင်းပမည့် ရေတပ်နေ့ စစ်ရေးပြ အခမ်းအနားတွင် အမျိုးအစားစုံလင်သည့် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော ၄၇ စင်းတို့ ပါဝင်မည် ဖြစ်ပါသည်။