၂၀၂၂ ခုနှစ် တရုတ်မော်တော်ကား ကာဗွန်လျှော့ချရေးလှုပ်ရှားမှု စီမံကိန်းကို ထုတ်ပြန်

(GMT+08:00)2022-07-28 11:35:07  

တရုတ်မော်တော်ကားနည်းပညာသုတေသနဌာနသည် ၂၀၂၂ ခုနှစ် တရုတ် မော်တော်ကား ကာဗွန်လျှော့ချရေး လှုပ်ရှားမှုစီမံကိန်း လေ့လာရေးအစီရင်ခံစာကို ဇူလိုင်လ ၂၇ ရက်နေ့က ပီကင်းမြို့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအစီရင်ခံစာတွင် တရုတ်နိုင်ငံ ပြည်တွင်းမှ ရောင်းချသော ခရီးသည်တင်ကားနှင့် လုပ်ငန်းသုံးကား စသည့်ကားများ၏ ကာဗွန်ထုတ်လွှတ်မှု တွက်ချက်ခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုအခြေအနေကို စနစ်တကျ ဖော်ပြခဲ့ပါသည်။

အစီရင်ခံစာတွင် နောက်ဆုံးထုတ်စာရင်းအရ တရုတ်နိုင်ငံ၌ ပြန်လည်အသုံးပြု နိုင်သော သံမဏိနှင့် ပြန်လည်အသုံးပြုနိုင်သောဒန်၏ အချိုးအစားမှာ ၁၀ ရာခိုင်နှုန်းခန့်နှင့် ရာခိုင်နှုန်း ၂၀ ခန့် အသီးသီးရှိပါသည်။ စွမ်းအင်သစ်မော်တော်ကားဖြန့်ဖြူးခြင်းနှင့် သက်ဆိုင်ရာ ကာဗွန်ထိန်းချုပ်ရေးနည်းလမ်းများကို ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၆၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်း ကာဗွန်လျှော့ချထုတ်လွှတ်မှုမှာ တန်ချိန် သန်း၇၀၀ နှင့် တန်ချိန်သန်း ၂၀၀၀ ခန့် အသီးသီးရှိမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြပါသည်။