ဖိလစ်ပိုင်နိုင်ငံ Abra ပြည်နယ်တွင် နောက်ဆက်တွဲငလျင် ၇၉၈ ကြိမ် လှုပ်ခတ်ခဲ့သည်

(GMT+08:00)2022-07-28 11:30:03  

ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်သုတေသနဌာနမှ သတင်းအရ ဒေသစံတော်ချိန် ၂၈ ရက်နေ့ မနက် ၆ နာရီအထိ Abra ပြည်နယ်အနီးတွင် နောက်ဆက်တွဲငလျင် ၇၉၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။၂၈ ရက်နေ့ မနက် ၆ နာရီအထိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၃၁ ဦး ဒဏ်ရာရရှိကာ လူ ၁၂၉၄၅ ဦး ဘေးသင့်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေး ကော်မတီက ၂၈ ရက်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။