ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘက်ဆိုင်ရာပစ်မှတ်များကို အပြန်အလှန် တိုက်ခိုက်လျက်ရှိ

(GMT+08:00)2022-07-28 11:32:36  

လွန်ခဲ့သည့် ၁ ရက်အတွင်း ရုရှားစစ်တပ်သည် Donetsk နှင့် Nikolayev ဒေသများမှ ယူကရိန်းစစ်တပ် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ဆက်လက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်း စစ်တပ်၏ လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေးစနစ်၊ အမြောက် လက်နက် ခဲယမ်းမီးကျောက် များနှင့် အမေရိကန် စစ်တပ်ထောက်ပံ့ပေးသော ရေဒါများကိုဖျက်ဆီးကာ Donetsk ဒေသရှိ ယူကရိန်းစစ်တပ်မှ နိုင်ငံခြားသားကြေးစားစစ်သားများစခန်းကို တိုက်ခိုက်ပြီး ဒါဇင်နှင့် ချီသော နိုင်ငံခြားသားကြေးစားစစ်သားများကို ပစ်သတ်ခဲ့ကြောင်း ၂၆ ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

ယူကရိန်းစစ်တပ်သည် ရုရှားစစ်တပ်၏ စစ်မျက်နှာနောက်ပိုင်း ဂိုဒေါင်များကို တိုက်ခိုက် နိုင်စွမ်းရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်အတွင်း ယူကရိန်းဘက်သည် ရုရှားဘက်၏ ခဲယမ်းမီးကျောက်ဂိုဒေါင်နှင့် စစ်ဦးစီးစခန်းအများအပြားကို ဖျက်ဆီးခဲ့ပြီး ရုရှားစစ်တပ် စစ်မျက်နှာနောက်ပိုင်းရှိ စက်ပစ္စည်းအများအပြားကို ဖျက်ဆီးသဖြင့် ရုရှားစစ်တပ်၏ ထောက်ပံ့ ပို့ဆောင်ရေးနှင့် တိုက်ခိုက်မှုကို ထိခိုက်စေခဲ့ကြောင်း ၂၆ ရက်နေ့က ယူကရိန်း ပြည်ထဲရေးဝန်ကြီးအတိုင်ပင်ခံက မီဒီယာများအား ပြောကြားသည်။