ဖိလစ်ပိုင်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပေါ် အာရုံစိုက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖော်ပြ

(GMT+08:00)2022-07-28 11:28:45  

ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းမြောက်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၀အဆင့်ရှိ ငလျင်လှုပ်ခတ်မှု နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက ဖိလစ်ပိုင် နိုင်ငံ၏ ဘေးသင့်အခြေအနေနှင့် ဖိလစ်ပိုင်ရှိတရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းရေးတို့ကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဖိလစ်ပိုင်ဘက်၏ လိုအပ်ချက်အရ ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း ၂၇ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။