ပါကစ္စတန် မုတ်သုံမိုးရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၃၁၀ ဦးသေဆုံး

(GMT+08:00)2022-07-28 13:40:31  

ယခုနှစ် ဇွန်လမှစ၍ မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ပါကစ္စတန် နေရာအသီးသီးတွင် ရေကြီးရေလျံခြင်းများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၁၀ ဦးသေဆုံးကာ ရာနှင့်ချီသော လူများ ဒဏ်ရာ ရရှိခဲ့ပါသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခြေခံအဆောက်အအုံများ၊ လမ်းကွန်ရက်များနှင့် နေအိမ် ၅၆၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မြို့ ၁၄ မြို့တွင် မုတ်သုံမိုးများ ပိုမို ပြင်းထန်လာနိုင်ကြောင်း အစိုးရဘက်က သတိပေးထားပါသည်။