ခေတ်သစ်၌ ဆယ်နှစ်တာ မွန်မြတ်သည့် ပြုပြင်ပြောင်းလဲရေးသည် သမိုင်းမှတ်တိုင်လို အရေးကြီး အဓိပ္ပါယ် ပါရှိသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-07-28 11:26:56  

တရုတ်ပြည်နယ်နှင့် ဝန်ကြီးအဆင့် အဓိကကေဒါခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင် ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှစပြီး တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်လုပ်ငန်းသည် ခေတ်သစ် သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဆယ်နှစ်အတွင်း ပါတီနှင့် နိုင်ငံတော်၏ လုပ်ငန်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်နှင့် သဘာဝ စသည့်ဘက်များမှ အန္တရာယ်နှင့် စိန်ခေါ် စမ်းသပ်မှုများကို အောင်မြင်စွာ ခံနိုင်ခဲ့ပြီး သမိုင်းဝင် အောင်မြင်မှုများကို ရရှိကာ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏သမိုင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏သမိုင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး သမိုင်း၊ ဆိုရှယ်လစ် ဖွံ့ဖြိုး တိုးတက်ရေးသမိုင်း၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းတွင် သမိုင်းမှတ်တိုင်လို အရေးကြီး အဓိပ္ပါယ် ပါရှိကြောင်း ပြောကြားခဲ့ပါသည်။