ရုရှား-ယူကရိန်းပဋိပက္ခမှ လွှမ်းမိုးမှုတွင် တရုတ်ပြည်၏ စွမ်းအင်ထောက်ပံ့မှုသည် ယေဘုယျအားဖြင့် လုံခြုံတည်ငြိမ်ဟု တရုတ်နိုင်ငံတော်စွမ်းအင်ဦးစီးဌာန ဆို

(GMT+08:00)2022-07-28 13:22:42  

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် နိုင်ငံအချို့သည် ရုရှား နိုင်ငံ အပေါ် အကြိမ်ပေါင်းများစွာ ဘက်စုံအရေးယူခဲ့သဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် ပြင်းထန်စွာ ထိခိုက်ပြီး၊ စွမ်းအင် ရောင်းလိုအားနှင့် ဝယ်လိုအား ဟန်ချက်မညီဘဲ၊ စွမ်းအင်ဈေးနှုန်းများ များစွာမြင့်တက်လာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယခုလ ၂၇ ရက်နေ့ တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးမှ သတင်းစာ ရှင်းလင်းပွဲ၌ တရုတ်နိုင်ငံတော်စွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျန်းကျန့်ဟွာက တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာသည့်အခြေအနေတွင် စွမ်းအင်လုံခြုံမှုကို အင်တိုက်အားတိုက်အာမခံပေးပြီး၊  ပြည်တွင်းစွမ်းအင်ထောက်ပံ့မှု လုံခြုံတည်ငြိမ်စေရန် အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။