တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် “မော်တော်ကားနှင့် မီးရထားပူးတွဲ ပို့ဆောင်ရေး” နိုင်ငံတကာကုန်တင်မီးရထား စတင် ထွက်ခွာ

(GMT+08:00)2022-07-28 11:35:52  

ဇူလိုင်လ ၂၈ ရက်နေ့တွင် အထည်နှင့် ဝါဂွမ်း၊ ချည် စသည့် ကုန်ပစ္စည်း ၂၀၄ တန်သယ်ဆောင်ထားသော တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် “မော်တော်ကားနှင့် မီးရထားပူးတွဲပို့ဆောင်ရေး”နိုင်ငံတကာကုန်တင်မီးရထားသည် တရုတ်နိုင်ငံ ဝူလူမုချီ နိုင်ငံ တကာ Dry Port မှ စတင်ထွက်ခွာပါသည်။ ၄င်းမီးရထားသည် Kashgar မီးရထား ဘူတာရုံသို့ ရောက်ရှိပြီးနောက် မော်တော်ကားဖြင့် Irkeshtan ဆိပ်ကမ်းမှ ပြည်ထွက်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံ Tashkent သို့ ပို့ဆောင်ရောက်ရှိမည် ဖြစ်ပါသည်။