မြောက်ကိုရီးယားသည် အမေရိကန်နှင့် စစ်ရေးပဋိပက္ခဖြစ်လျှင်ပင် ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဟု ကင်ဂျုံအန်ဆို

(GMT+08:00)2022-07-28 13:23:24  

မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီက ၂၈ ရက်နေ့က ထုတ်ပြန်သည့် သတင်းအရ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးကင်ဂျုံအန်သည် ၂၇ ရက်နေ့က ကျင်းပသော မြောက်ကိုရီးယား လွတ်မြောက်ရေးစစ်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ်ပွဲတော်တွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ကင်ဂျုံအန်က မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားသမ္မတ ယွန်းဆောက်ယို၏ စစ်ရေးမူဝါဒ ဆိုင်ရာ သဘောထားမှတ်ချက်ကို ရည်ရွယ်ပြီး မြောက်ကိုရီးယားသည် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရန် အပြည့်အဝ အဆင်သင့်ဖြစ်နေပြီး မြောက်ကိုရီးယား၏ နျူကလီးယားစစ်ပွဲ အဟန့်အတားအင်အားကလည်း အဆင်သင့်ဖြစ်နေကြောင်း၊ ထို့အပြင် အမေရိကန်နှင့် စစ်ရေးပဋိပက္ခ ဖြစ်လျှင်ပင် ရင်ဆိုင်ရန် အပြည့်အဝ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။