၂၀၂၂ ခုနှစ် RCEP စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို ချင်းတောင်မြို့၌ စတင်ကျင်းပ

(GMT+08:00)2022-07-28 11:31:45  

ဇူလိုင်လ ၂၈ ရက်နေ့တွင် ၂၀၂၂ ခုနှစ် RCEP စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို ချင်းတောင်မြို့၌ စတင်ကျင်းပခဲ့သည်။

ယခုအကြိမ် ဖိုရမ်ကို“အခွင့်အလမ်းသစ်၊ ပုံစံသစ်နှင့် စမှတ်သစ်”ဟူသောဆောင်ပုဒ်ဖြင့် အွန်လိုင်းနှင့် အော့ဖ်လိုင်း နည်းလမ်းနှစ်မျိုးနှင့် ပေါင်းစပ်ကျင်းပပြီး RCEP ကို ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရေးကို အာရုံစိုက်ကာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ထောက်ပံ့ရေး ကွင်းဆက် ချိတ်ဆက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။