တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သည် တရုတ်အမျိုးသား၏ မွန်မြတ်သောရှင်သန်ရေးနှင့် ဆက်စပ်ကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-07-28 11:26:11  

 “ပါတီအထွေအထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းများ ရည်မှန်းချက် အကြောင်းအရာများကို လေ့လာခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ဆီးကြိုခြင်း” ဆောင်ပုဒ်ဖြစ်သည့် တရုတ်ပြည်နယ်နှင့် ဝန်ကြီးအဆင့် အဓိကကေဒါခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင် ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

    ရှီကျင့်ဖိန်က ကျင်းပတော့မည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသည် တရုတ်နိုင်ငံက ဆိုရှယ်လစ် ခေတ်မီရေး နိုင်ငံကို ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ် စတင်သည့် သော့ချက်ကျသော အချိန် ကာလတွင် ကျင်းပသည့် အလွန်အရေးကြီးသည် အစည်းအဝေး တစ်ခု ဖြစ်ပြီး၊ ယင်းသည် ပါတီနှင့် နိုင်ငံတော်လုပ်ငန်းများ၏ အတိတ်က အစဉ်အလာကောင်းကို ဆက်ခံပြီး အနာဂတ်ကဏ္ဍသစ်ကို ဖွင့်လှစ်ရေးနှင့်လည်းကောင်း၊ တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လုပ်ငန်း၏ ရှေ့အလားအလာနှင့်လည်းကောင်း၊ တရုတ် အမျိုးသား၏ မွန်မြတ်သောရှင်သန်ရေးနှင့်လည်းကောင်း ဆက်စပ်ပါကြောင်း ပြောကြားခဲ့ပါသည်။