ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာလူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းအသစ်များ ပထမဆုံးအကြိမ် စတင်ရောင်းချမှု ပမာဏ စံချိန်သစ် တင်

(GMT+08:00)2022-07-28 13:22:01  

ယခုလ ၂၇ ရက်နေ့မှစ၍ ဒုတိယအကြိမ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းကုန်စည် ပြပွဲတွင် ကုန်ပစ္စည်းအသစ်အမြောက်အမြားကို စတင်ရောင်းချပြီး၊ ကုန်ပစ္စည်းအသစ်နှင့် ပထမဆုံး အကြိမ် စတင်ရောင်းချမှု ပမာဏသည် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

လက်ရှိအချိန်အထိ လူသုံးကုန်ပစ္စည်းကုန်စည်ပြပွဲသည် လှုပ်ရှားမှု ၃၀၀ ကျော်ကျင်းပပြီး၊ ကုန်ပစ္စည်းအသစ် ၂၆၀ ကျော် ထုတ်ပြန်ကာ၊ ပြပွဲသို့ လာရောက်ကြည့်ရှုသူ   ၁ သိန်းကျော် ခဲ့သည်ဟု သတင်းအရ သိရသည်။