ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းသည် ရုရှားအပေါ် အနောက်တိုင်း၏ မသင့်လျော်သော ပိတ်ဆို့အရေးယူမှုများ၏ ရလဒ်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ဆို

(GMT+08:00)2022-07-28 11:34:08  

ဇူလိုင်လ ၂၇ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းသည် ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ မကြုံစဖူး ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်လာကြောင်း အီသီယိုပီးယားနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် ၄င်းက ပြောကြားခဲ့သည်။

Lavrov က ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက မသင့်လျော်သော ပိတ်ဆို့ အရေးယူမှုများ အထူးသဖြင့် ရုရှားသင်္ဘောများကို ပိတ်ဆို့အရေးယူမှုကြောင့် အစားအစာ၊ ဓာတ်မြေသြဇာနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။