စားနပ်ရိက္ခာအကျပ်အတည်းနှင့် ဂျုံမှုန့်ပြတ်လပ်မှုကြောင့် လက်ဘနွန်ပြည်သူများ ပေါင်မုန့်ဝယ်ရန် တန်းစီနေရပြီ

(GMT+08:00)2022-07-28 13:41:20  

ယခုလ ၂၇ ရက်နေ့တွင် လက်ဘနွန်နိုင်ငံ မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဖြစ်သော ထရီပိုလီတွင် လူများသည် ထောက်ပံ့ကြေးရှိသဖြင့် ဈေးလျှော့နေသော ပေါင်မုန့်ကိုဝယ်ယူရန် အကြာကြီး တန်းစီစောင့်ဆိုင်းနေကြသည်။ နှစ်ပေါင်းများစွာဖြစ်ပေါ်ခဲ့သော စီးပွားရေး အကျပ် အတည်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေကုန်နေသောကြောင့် ပြည်တွင်းပေါင်မုန့်များသည်လည်း ရှားပါး လာသည်။ လက်ဘနွန်နိုင်ငံတွင် ဂျုံ၏ ၈၀ ရာခိုင်နှုန်းကို ယူကရိန်း နိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်သည်။ ၂၅ ရက်နေ့က လက်ဘနွန် နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Ihor Ostach က ယူကရိန်းသည် လက်ဘနွန်သို့ ဂျုံတင်ပို့မှု ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။