ဖုန်လိယွမ်သည် အင်ဒိုနီးရှားသမ္မတ၏ဇနီး အီရီယာနာနှင့် တွေ့ဆုံ

(GMT+08:00)2022-07-27 11:37:25  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်သည် ဇူလိုင်လ ၂၆ ရက်နေ့က ပီကင်း တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ အင်ဒိုနီးရှားသမ္မတ၏ဇနီး အီရီယာနာနှင့် တွေ့ဆုံခဲ့ပါသည်။

ဖုန်လိယွမ်က တရုတ်နှင့် အင်ဒိုနီးရှားတို့သည် အရေးကြီး အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေးအစဉ်အလာသည် သမိုင်းသက်တမ်း ကြာမြင့် ပါကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာပြီး အရပ်ဘက် ကူးလူးဖလှယ်မှုများသည် လွန်စွာ ကောင်းမွန်ကာ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ခရီးသွားများ ဒုတိယ အများဆုံး သွားရောက်သောနေရာ ဖြစ်ကြောင်း ပြောကြား ပါသည်။

အီရီယာနာက ပိုမို များပြားသော တရုတ်ခရီးသွားများ အင်ဒိုနီးရှားသို့ လာရောက် လှည့်လည်ရန် ကြိုဆိုပါကြောင်း၊ တရုတ်နှင့် အင်ဒိုနီးရှား ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဆုတောင်း ပါကြောင်း ပြောကြားပါသည်။

၎င်းတို့သည် တရုတ်တေးဂီတ ကောလိပ်ကျောင်းမှ တေးဂီတ တင်ဆက် ဖျော်ဖြေမှု ကိုလည်း အတူ ကြည့်ရှုခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။