Potsdam ကြေညာချက် ထုတ်ပြန်ခြင်းသမိုင်းကို ပြန်ကြည့်လျှင် ကမ္ဘာကြီးကို နိုးကြားစေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-07-27 14:08:43  

ဇူလိုင်လ ၂၆ ရက်နေ့သည် Potsdam ကြေညာချက် ထုတ်ပြန်ခဲ့သည့် ၇၇ နှစ် ပြည့်မြောက်နှစ်ဖြစ်ပြီး Potsdam ကြေညာချက်၏ အပြုသဘောဆောင်မှုအပေါ် တရုတ်နိုင်ငံက မည်ကဲ့သို့ သုံးသပ်သနည်းဟု ထိုနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်လိကျန်းက လွန်ခဲ့သည့် ၇၇ နှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် တရုတ်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ထုတ်ပြန်ခဲ့သော Potsdam ကြေညာချက်နှင့် ၁၉၄၃ ခုနှစ်က အဆိုပါ ၃ နိုင်ငံတို့ ထုတ်ပြန်ခဲ့သော ကိုင်ရို ကြေညာချက်စသည့် နိုင်ငံတကာ တရားဥပဒေဆိုင်ရာ စာတမ်းများသည် ဒုတိယ ကမ္ဘာ စစ်ကြီးပြီးနောက် နိုင်ငံတကာစည်းစနစ် တည်ဆောက်ရန်အတွက် အရေးကြီးသော တရားဥပဒေ ဆိုင်ရာ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ ထိုင်ဝမ်၊ ဖိန်ဟူကျွန်းများ အပါအဝင် ဂျပန် ခိုးယူ ထားသော တရုတ်ပိုင်နက်နယ်မြေကို တရုတ်နိုင်ငံသို့ ပြန်ပေးရမည်ဟု ကိုင်ရို ကြေညာချက်တွင် သတ်မှတ်ထားကြောင်း၊ Potsdam ကြေညာချက်တွင် အဆိုပါ အကြောင်းကို ပြန်လည် ရှင်းလင်းဖေါ်ပြထားကြောင်း၊ ၁၉၄၅ ခုနှစ်က ဂျပန်ချုပ်ဆိုခဲ့သော လက်နက်ချစာတမ်းတွင် Potsdam ကြေညာချက်မှ သက်ဆိုင်ရာအချက်များကိုလက်ခံရန် ကတိပြုကြောင်း၊ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော ပိုင်နက်နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်တစ်ပြည်လုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမှုသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ မှ သတ်မှတ်ထားသောအရင်းခံမူဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာပေါ်က နိုင်ငံ ၁၈၁ နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထားရှိသည့်အခြေခံဖြစ်ကာ နိုင်ငံတကာမိသားစုကြီး၏ သဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူ ဖြစ်ကြောင်း ပြောကြားသည်။