(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နိုင်ငံခြားလုပ်ငန်းများအတွက် ခင်းကျင်းပြသရန် ဧရိယာအကျယ်အဝန်း တိုးများလာ

(GMT+08:00)2022-07-27 12:11:25  

(၁၉)  ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားလုပ်ငန်းများအတွက် ခင်းကျင်းပြသရန် ဧရိယာ အကျယ်အဝန်း တိုးများလာကာ နိုင်ငံများစွာသည် ခင်းကျင်းပြသရန် လုပ်ငန်းများကို ရွေးချယ်နေကြပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် ကုန်စည်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး၊ ခေတ်မီနည်းပညာ၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ “နိုင်ငံ/ဆွဲဆောင်မှုရှိသောမြို့” အဓိက ဆောင်ပုဒ် ၅ခုကို ထားရှိမည်ဖြစ်ပြီး အွန်လိုင်းတရုတ်-အာဆီယံကုန်စည်ပြပွဲ+ အော့ဖ်လိုင်း ပြခန်းပုံစံကို ဆန်းသစ်တီထွင်မည်ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ယခုအကြိမ်ကုန်စည်ပြပွဲတွင် အာဆီယံနှင့် RCEP ပြသဇုန်ကို ပထမဆုံးအကြိမ်ထားရှိပြီး နိုင်ငံအသီးသီးမှ နိုင်ငံတော်ရုပ်သွင်၊ ထူးခြားချက်ရှိသည့် ကုန်ပစ္စည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ပြသမည်ဖြစ်ပါသည်။ ဗီယက်နမ် နှင့် လာအိုစသည့်နိုင်ငံများသည် နိုင်ငံပြခန်း ဒီဇိုင်းစီမံကိန်းကို ရေးဆွဲခဲ့ပြီဖြစ်ပြီး မလေးရှားနှင့် ထိုင်းစသည့်နိုင်ငံများသည် ပြပွဲတွင် ခင်းကျင်းပြသရန် လုပ်ငန်းများကို ရွေးချယ်နေကြပါသည်။