တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရန် ဦးတည်ချက်ကို ချမှတ်

(GMT+08:00)2022-07-27 18:26:33  

ယခုလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ ဂျိုကိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်နှင့် အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရန် ဦးတည်ချက်ကို ချမှတ်ခဲ့ပါသည်။ ယင်းသည် သမ္မတ ဂျိုကို၏ ယခုအကြိမ် ခရီးစဉ်တွင် ရရှိခဲ့သော အရေးအကြီးဆုံး နိုင်ငံရေး အောင်ကျိုးရလဒ် ဖြစ်ပါသည်။ တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေးကို အဓိကအဖြစ်ထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ ပင်လယ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ပြီး နှစ်နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည် ဖြစ်ပါသည်။

ယင်းတို့အနက် Belt and Road သည် နှစ်ဖက်အကြား အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အချက်တစ်ချက် ဖြစ်သည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းလာအောင်၊ ပိုမိုများပြားသော အောင်ကျိုးရလဒ်များ ရရှိလာအောင် တွန်းအား ပေးရမည်ဟု အလေးထား ပြောကြားခဲ့ပါသည်။

   အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ပြီး လာမည့်နှစ်တွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်သည်။ တရုတ်နှင့် အင်ဒိုနီးရှား ဆက်ဆံမှု ကောင်းမွန်စွာ တိုးတက်ရေးသည် နှစ်နိုင်ငံ၏ အကျိုးတူ ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများတွင်လည်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။

  ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ဂျိုကိုက ကံကြမ္မာတူ အသိုက်အဝန်း”၊ “အပြန်အလှန် အကျိုးရှိစေရေး”၊ “အပြုသဘောဆောင်သော အင်အား” စသည့် ဝေါဟာရများဖြင့် တရုတ်- အင်ဒိုနီးရှား ဆက်ဆံမှုကို သရုပ်ဖေါ် ပြောဆိုခဲ့ပါသည်။ သမ္မတ ဂျိုကို ဖေါ်ပြချင်သည်မှာ အာရှသည် အသိုင်းအဝိုင်းဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုနှင့် အသိုင်းအဝိုင်းဖွဲ့ နိုင်ငံရေးကို မလိုလားကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ရှာကြံခြင်း သည်သာ ဒေသတွင်း ပြည်သူများ၏ လိုလားဖွယ်ရာ ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။