တရုတ်နိုင်ငံရှိ နိုင်ငံခြားသံတမန်အရာရှိများသည် တရုတ်၏ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးစည်းမျဉ်းများကိုလေးစားလိုက်နာရန် ဝတ္တရားရှိဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနဆို

(GMT+08:00)2022-07-27 14:09:27  

ဇူလိုင်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။

မကြာခင်ရက်များက အမေရိကန် ဝါရှင်တန်ပို့စ် သတင်းစာသည် သတင်း ထုတ်ပြန်ခဲ့ရာ တရုတ်ပြည်မှ တင်းကျပ်သောကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အစီအစဉ်များသည် အမေရိကန် သံတမန်အရာရှိများ၏ အခွင့်အရေးကိုနင်းချေပြီး ကြာရှည်သောကာလအတွင်း တရုတ်နိုင်ငံ၌ ကြောက်လန့်စွာ နေထိုင်ရကြောင်း ဖော်ပြသည်ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ကျောက်လိကျန်းအား မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်လိကျန်းက တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ပေါ်လစီများသည် ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးအပေါ် တာဝန်ယူရေးကို အခြေခံပြီး တရုတ်နိုင်ငံ၌ နေထိုင်သူအားလုံးကို တန်းတူရည်တူ ကာကွယ် ပေးကြောင်း၊ လွန်ခဲ့သော ၂ နှစ်ကျော်အတွင်း တရုတ်ပြည်သည် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းအနိမ့်ဆုံးသော နိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံသားများနှင့် တရုတ်နိုင်ငံ၌ နေထိုင်သော နိုင်ငံခြားသားများအတွက် အဆင့် အမြင့်ဆုံး ကာကွယ်ပေးကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်အတွင်း တရုတ်နိုင်ငံသည် ပြည်ပမှ ကပ်ရောဂါ ဝင်ရောက်မှု ကာကွယ်ရန် ဖိအားကြီးလေးခဲ့သော်လည်း အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံခြားသံတမန်အရာရှိများနှင့် ၄င်းတို့၏ မိသားစုများ တရုတ်ပြည်သို့ လာရောက်ခြင်း၊ တရုတ်ပြည်မှ ထွက်ခွာခြင်း၊ တရုတ်ပြည်၌ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း၊ ခရီးလှည့်လည်ခြင်း စသည်တို့ အဆင်ပြေစေရန် အထောက်အကူပြုခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှစပြီး စင်းလုံးငှါးလေယာဉ်ဖြင့် တရုတ်ပြည်သို့ လာရောက် သော အမေရိကန် သံတမန်အရာရှိများနှင့် ၄င်းတို့၏ မိသားစုများ ၁၀၀၀ ကျော်ရှိကြောင်း၊ တရုတ်နိုင်ငံ၌ နေထိုင်ကြသော နိုင်ငံခြားသံတမန်များသည် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများကို လေးစားလိုက်နာရန် ဝတ္တရား ရှိကြောင်း ပြောကြားသည်။