လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေကို Google ကုမ္ပဏီမှ ချိုးဖောက်ခြင်းကြောင့် ဒဏ်ငွေ ရူဘယ် ၂ဘီလီယံခံရမည်ဟု ရုရှားလက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဌာနဆို

(GMT+08:00)2022-07-27 14:02:45  

Google ကုမ္ပဏီသည် ရုရှားတွင် လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေ ချိုးဖောက် ခြင်းကြောင့် ဒဏ်ငွေ ရူဘယ်၂ဘီလီယံခံရမည်ဖြစ်ပြီး၊ Google ကုမ္ပဏီအနေနှင့် လာမည့် ၂ လအတွင်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း ဒေသစံတော်ချိန် ယခုလ ၂၆ ရက်နေ့က ရုရှားလက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဌာနမှ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။