တရုတ်နိုင်ငံနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပကတိကျကျ ရှုမြင်ရန် တရုတ်နိုင်ငံက အမေရိကန်ကို တိုက်တွန်း

(GMT+08:00)2022-07-27 12:27:12  

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger သည် မကြာခင်က အင်တာဗျူးကို လက်ခံဖြေကြားရာ၌ တရုတ်-အမေရိကန် ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက အင်အားကို ထိန်းသိမ်းရမည် ဖြစ်သော်လည်း နိုင်ငံတကာစည်းစနစ်တွင် ပါဝင်ဆောင်ရွက်သူဖြစ်သည့် တရုတ်နိုင်ငံကို လေးစားရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေးရာအပေါ် တရုတ်နှင့်အမေရိကန်ကြား ပြောဆိုချက် လျော့ပေါ့လာခြင်းသည် အခြေအနေတင်းမာမှုကို ဖြေလျှော့နိုင်မည်ဖြစ်ပြီး ပဋိပက္ခ ဖြစ်နိုင်ခြေကို လျှော့ချကာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်လာစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေနှင့် မည်သည့် သဘောထား ရှိပါသနည်းဟု သတင်းထောက်တစ်ဦးက ဇူလိုင် ၂၆ ရက်ကကျင်းပသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မစ္စတာ Kissinger ၏ သက်ဆိုင်ရာသဘောထားကို ချီးကျူးပါကြောင်း၊ ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အုပ်စု နှစ်ခုနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းကောင်စီဝင်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဝါးအောင် လုပ်လို့ မရဘဲ ကောင်းအောင်သာ လုပ်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။