၂၀၂၂ ခုနှစ် ပီကင်းလူ့အခွင့်အရေးဖိုရမ် ဖွင့်လှစ်

(GMT+08:00)2022-07-27 12:20:49  

ဇူလိုင်လ ၂၆ ရက်နေ့က ၂၀၂၂ ခုနှစ် ပီကင်းလူ့အခွင့်အရေးဖိုရမ်ကို ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်လူ့အခွင့်အရေးသုတေသနအသင်းနှင့် တရုတ်လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ အသင်းတို့သည် “တရားမျှတခြင်း၊ တရားနည်းလမ်းကျခြင်း၊ သက်ညှထောက်ထားခြင်း၊ -လူ့အခွင့်အရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုကို အတူတကွတွန်းအားပေးခြင်း” ဆောင်ပုဒ်ဖြင့်  ယင်းဖိုရမ်ကို ပူးတွဲ ကြီးမှူး ကျင်းပကြောင်း၊ နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၇၀ခန့်မှ အဆင့်မြင့် အရာရှိ၊ ကျွမ်းကျင်ပညာရှင်နှင့် တရုတ်နိုင်ငံဆိုင်ရာသံတမန်ကိုယ်စားလှယ် ၂၀၀ ခန့်သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။