အမေရိကန်တွင် သေနတ်ပစ်ခတ်မှုများ မကြခဏဖြစ်ပွားလေ့ရှိ၊ သေနတ်ဒဏ်ရာမရှိသော ညအဆိုင်း ရှားပါးသည်ဟု ဆေးဝန်ထမ်းဆို

(GMT+08:00)2022-07-27 12:32:47  

အမေရိကန် "Gun Violence Archives" ဝက်ဘ်ဆိုဒ်မှ စာရင်းဇယားများအရ ဒေသစံတော်ချိန် ၂၅ ရက်နေ့ ညအထိ အမေရိကန်တွင် ယခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုအမျိုးမျိုးကြောင့် လူ ၂၅၀၉၀ သေဆုံးခဲ့ပြီး လူ ၂၂၀၆၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  သေနတ်ပစ်ခတ်မှုများစွာရှိသောကြောင့် ဆေးရုံများတွင် သေနတ်ဒဏ်ရာရှိသောလူနာများကို မကြာခဏ လက်ခံပေးရသည်။

Maryland ပြည်နယ်၊ Baltimore ရှိ Adams-Cowley Shock Trauma Center တွင် ဆေးဝန်ထမ်းများက ၎င်းတို့၏ညဆိုင်းတွင် သေနတ်ဒဏ်ရာကိုမတွေ့ပါက ရှားပါးသောညဖြစ်မည်ဟု ဝန်ခံခဲ့သည်။