အမေနှင့်အတူ ကမ္ဘာကြီးကို လိုက်ကြည့်ချင်သည့် ကောင်လေးသည် ALS မိခင်နှင့်အတူ ရှင်းကျန်းကို ခရီးသွား

(GMT+08:00)2022-07-27 12:29:37  

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူ လူငယ်လေး Zhao Tianci သည် သူကိုယ်တိုင် ကားမောင်းပြီး ALS ရောဂါရှိသည့် မိခင်နှင့်အတူ ရှင်းကျန်းသို့ ခရီးသွားပါသည်။ ၄င်းတို့သည် ၃၁ ရက် အကြာတွင် Gurbantonggut သဲကန္တာရမှ Sailimu ရေကန်အထိ အသွားအပြန် ကီလိုမီတာ ၁ သောင်း ၅ ထောင် သွားခဲ့ပါသည်။ Zhao Tianci က ယင်းခရီးစဉ်သည် အမေ၏ ဆန္ဒကို ဖြည့်ဆည်းပေးရုံသာမက မိမိ၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရန် ဖြစ်သည်ဟု ပြောပါသည်။

Zhao Tianci ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသောဗီဒီယိုများသည် ALS ခံစားနေရသူများ အပါအဝင် လူတော်တော်များများကို အားပေးခဲ့ပါသည်။ Zhao Tianci က အမေသည် ဘဝနှင့် ခရီးသွားခြင်းကို နှစ်သက်သူဖြစ်ပြီး အမေသည် အပြုသဘော ဆောင်သည့် အကောင်းမြင်စိတ်ထားကို ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း ပြောပါသည်။