သဘာဝဓာတ်ငွေ့ ပြတ်တောက်ခြင်းကြောင့် ဂျာမဏီလုပ်ငန်း ၁၆ ရာခိုင်နှုန်းခန့် ကုန်ထုတ်လုပ်မှု လျှော့ချခြင်း သို့မဟုတ် ရပ်စဲခြင်းခံနေရ

(GMT+08:00)2022-07-27 12:12:12  

အနောက်တိုင်းနိုင်ငံများသည် မကြာမီက ရုရှားနိုင်ငံကို အဆက်မပြတ် အရေးယူ သဖြင့် ရုရှားနိုင်ငံသည် တန်ပြန်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိ ရုရှားနိုင်ငံသည် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများစွာအား သဘာဝဓာတ်ငွေ့ထောက်ပံ့မှုကို လျှော့ချခဲ့ပြီဖြစ်ပါသည်။

ဂျာမဏီနိုင်ငံတွင် သဘာဝဓာတ်ငွေ့ချို့တဲ့မှုအခြေအနေမှာ အထူးသိသာ လာပါသည်။ ဂျာမဏီစက်မှုကုန်သွယ်ရေးကွန်ဖရင့်၏ နောက်ဆုံးထုတ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ သဘာဝဓာတ်ငွေ့၏ ဈေးနှုန်းများစွာ တိုးများလာသဖြင့် များသထက် များလာသော ဂျာမဏီလုပ်ငန်းများ ကုန်ထုတ်လုပ်မှု လျှော့ခြင်း သို့မဟုတ် ရပ်စဲခြင်း ခံနေ ရပါသည်။

ဂျာမဏီစက်မှုကုန်သွယ်ရေးကွန်ဖရင့်ဝက်ဘဆိုက်တွင် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်သောသတင်း၌ ဂျာမဏီနိုင်ငံမှ လုပ်ငန်း ၃၅၀၀ ခန့်အား ပဏာမအကဲဖြတ်ခြင်းဖြင့် လုပ်ငန်း ၁၆ ရာခိုင်နှုန်းခန့်သည် ကုန်ထုတ်လုပ်မှု လျှော့ချခြင်း သို့မဟုတ် အချို့ နယ်ပယ်များကို လက်လွှတ်ခြင်းဖြင့် လက်ရှိအကျပ်အတည်းကို ရင်ဆိုင်ရန် လိုသည်ဟု   ဖော်ပြကြကြောင်း၊ သက်ဆိုင်ရာစာရင်းအရ စွမ်းအင်အဓိကထားသုံးရသော လုပ်ငန်းများ သည် ခံရသည့်ထိခိုက်မှု ပိုမိုပြင်းထန်ပြီး စွမ်းအင်အဓိကထားသုံးရသော လုပ်ငန်း ၃၂ ရာခိုင်နှုန်းခန့်သည် ကုန်ထုတ်လုပ်မှု အစိတ်အပိုင်း သို့မဟုတ် အားလုံးလျှော့ချရကြောင်း ဖော်ပြထားပါသည်။

ပညာရှင်များက စွမ်းအင်ချို့တဲ့မှုမှာ ဂျာမဏီနိုင်ငံ လက်ရှိရင်ဆိုင်နေရသည့် အကြီးဆုံးသော ပြဿနာဖြစ်နေကြောင်း၊ ယခုနှစ်ဆောင်းရာသီတွင် ဂျာမဏီနိုင်ငံ၏ သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် ၁ ဆမှ ၃ ဆအထိ တိုးများလာမည်ဖြစ်ကြောင်း ပြောကြား ကြပါသည်။