ဗြိတိန်မှ ပထမအသုတ် Stormer HVM ယူကရိန်းသို့ ပို့ဆောင်ရောက်ရှိ

(GMT+08:00)2022-07-26 13:26:11  

ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီက ဗြိတိန်နိုင်ငံမှ ပထမအသုတ် Stormer လေကြောင်းကာကွယ်ရေးစနစ်(Stormer HVM)ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ရောက်ရှိပြီ ဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာတွင် လည်ပတ်လျက်ရှိကြောင်း ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

Stormer HVM သည် တာတိုပစ် လေကြောင်းကာကွယ်ရေးစနစ်ဖြစ်ပြီး ရဟတ်ယာဉ်နှင့် အနိမ့်အမြင့်ပျံသန်းသော လေယာဉ်များမှ သံချပ်ကာတပ်ဖွဲ့များအား ခြိမ်းခြောက်မှုကို အဓိကတုံ့ပြန်ရန်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။