ဒုက္ခဖြစ်စေရန်ဆောင်ရွက်လိုလျှင် ထွက်သွားပါဟု ဝမ်ယိဆို

(GMT+08:00)2022-07-26 13:12:35  

ဇူလိုင်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်း ချုပ်ဆိုသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီးမိန့်ခွန်းပြောကြားရာ၌ တောင်ပင်လယ် တည်ငြိမ်လျှင် ဒေသတွင်းနိုင်ငံများအကျိုးရှိမည်ဖြစ်ပြီး တောင်ပင်လယ် ရှုပ်ထွေးလျှင် ဒေသတွင်း နိုင်ငံများ ဒုက္ခရောက်မှာဖြစ်ကြောင်း၊ မျက်မှောက်အချိန်တွင် တောင်ပင်လယ်၌ မငြိမ်သက် ကြောင်း၊ ပြင်ပအင်အားကြီးနိုင်ငံအချို့သည် မိမိ၏ ဗိုလ်ကျစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် ဒေသတွင်း၌  ကွဲလွဲမှုများကို တမင်ချဲ့ထွင်ခြင်း၊ တင်းမာမှုများကို သွေးထိုးနှိုးဆော်ခြင်း၊ တောင်ပင်လယ်ဆိုင်ရာနိုင်ငံများ၏ တရားမျှတသော အကျိုးစီးပွားနှင့် ပင်လယ်ပြင် ပုံမှန်အစီအစဉ်များကို ထိခိုက်ခြင်းတို့ကို အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများသည် “ငြိမ်းချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လာသည်ဆိုလျှင် ကြိုဆိုပါသည်၊ ဒုက္ခဖြစ်စေရန်အတွက် လာသည်ဆိုလျှင် ထွက်သွားပါ”ဟူသော သဘောထားရပ်တည်ချက်ကို ရှင်းလင်း ပြတ်သားစွာ ဖော်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။