မြန်မာနိုင်ငံတရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော အဂတိမှု(၂)မှု အတွက် တရားဝင် စွဲချက်တင်

(GMT+08:00)2022-07-26 13:13:48  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ တရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေ လက်ခံခြင်း နှင့် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူခြင်း ဟူသော အဂတိမှု(၂)မှုအတွက် တရားဝင်စွဲချက်တင်ခဲ့ကြောင်း၊ သက်သေပြသူ နောက်တစ်ယောက် သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားခုံရုံးတက်ပြီး သက်သေပြမည်ဖြစ်ကြောင်း မြန်မာမီဒီယာမှ သတင်းအရ သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအထိ စွဲဆိုချက်(၂၀)ကျော်ကို ခံရပြီဖြစ်ကြောင်း၊ ၎င်းအနက် စွဲဆိုချက်(၆)ရပ်ကို တရားရုံးသည် အတည်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်(၁၁)နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။