အာဖဂန်ဒုက္ခသည် ၅၉၂ ဦးကို တူရကီ ပြန်ပို့

(GMT+08:00)2022-07-26 13:29:02  

ပြီးခဲ့သည့် ၂ ရက်အတွင်း တူရကီနိုင်ငံသည် အာဖဂန် ဒုက္ခသည် ၅၉၂ ဦးကို အာဖဂန်သို့ ပြန်ပို့ခဲ့ကြောင်း အာဖဂန် ဒေသခံမီဒီယာမှ ယခုလ ၂၅ ရက်နေ့က ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

တရားမဝင်လူဝင်မှုတိုက်ဖျက်ရန်အတွက် နယ်စပ်ထိန်းချုပ်မှုကို အားဖြည့်ဆောင်ရွက် သည့်အပြင် တူရကီသည် ယခုရက်များအတွင်း တရားမဝင်လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း တူရကီမီဒီယာမှ သတင်းအရ သိရသည်။

ယခုနှစ် နှစ်ဦးပိုင်းမှစ၍ တူရကီသည် စင်းလုံးငှါးလေယာဉ်  ၁၄၀ ကိုစီစဉ်ပြီး အာဖဂန် ဒုက္ခသည် ၂၅၀၀၀ အား ပြန်ပို့ခဲ့သည်ဟု သတင်းအရ သိရသည်။