ကွန်ဂို၏ ငြိမ်းချမ်းရေးကိုကာကွယ်ပေးသည့် ၂၅ သုတ်မြောက် တရုတ်စစ်တပ် ကုလ၏ အေးချမ်းရေးတံဆိပ်ကို ရရှိ

(GMT+08:00)2022-07-26 13:27:42  

ယခုလ ၂၅ ရက်နေ့က တောင်ကီဗူပြည်နယ် တရုတ်ကျွန်းစွယ်စခန်းတွင် ကွန်ဂို၏ ငြိမ်းချမ်းရေးကို ကာကွယ်ပေးသည့် ၂၅ သုတ်မြောက် တရုတ်စစ်တပ်သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး တံဆိပ်ကိုရရှိသည်။

ငြိမ်းချမ်းမှု ကာကွယ်ရေးတပ်မှူး တန့်လျန့်က ငြိမ်းချမ်းမှု ကာကွယ်ရေး စစ်သားအားလုံးသည် ယင်းဂုဏ်ထူးကို တန်ဖိုးထားပြီး ငြိမ်းချမ်းရေးကို ကာကွယ်ရန် တာဝန်များကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်မည် ဖြစ်ပြီး မိခင်နိုင်ငံနှင့်စစ်တပ်ကို ဂုဏ်ရောင်ပြောင်အောင် ဖော်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်။