C919 အကြီးစားခရီးသည်တင်လေယာဉ် ၆ စင်း၏ စမ်းသပ်ပျံသန်းမှုအားလုံး ပြီးဆုံးပြီဖြစ်

(GMT+08:00)2022-07-25 15:39:32  

C919 အကြီးစား ခရီးသည်တင်လေယာဉ် ၆ စင်း၏ စမ်းသပ်ပျံသန်းမှု အားလုံး မကြာမီက အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

C919 သည် တရုတ်နိုင်ငံမှ ပထမဆုံး ကိုယ်တိုင်ပညာမူပိုင်ခွင့် လုံးဝ ပိုင်ဆိုင်ထားသော အကြီးစား ခရီးသည်တင်လေယာဉ် ဖြစ်ပါသည်။ အများဆုံးပျံသန်းမှု အကွာဝေးမှာ ကီလိုမီတာ ၅၅၀၀ ကျော် ရှိပြီး ထိုင်ခုံ ၁၅၈ ခုမှ ၁၆၈ ခုအထိ ရှိပါသည်။ C919 အကြီးစားခရီးသည်တင်လေယာဉ်ကို ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့က ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ပျံသန်းခဲ့ပါသည်။