ဇူလိုင်လတွင် ကန်နေရာအများအပြား၌ အပူဒဏ်ကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံး

(GMT+08:00)2022-07-25 15:43:20  

 

   ဇူလိုင်လတွင် အမေရိကန်နိုင်ငံ နေရာအများအပြား၌ အပူဒဏ်ကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးသွားကြောင်း အမေရိကန် FOX သတင်းဌာနက ၂၃ ရက်နေ့က ဖော်ပြခဲ့ပါသည်။ အမေရိကန် အမျိုးသား မိုးလေဝသဌာန၏ စာရင်းအရ အမေရိကန် အရှေ့မြောက်ပိုင်းဒေသအချို့တွင် ဇူလိုင်လတွင် အပူချိန် ၃၇့၈ ဒီဂရီ စင်တီဂရိတ်ခန့်သို့ ရောက်ရှိခဲ့ပြီး နေရာအများအပြားတွင် အန္တရာယ်ရှိသော အပူဒဏ် ခံစား နေရကြောင်း ပြသထားပါသည်။