ရှီကျင့်ဖိန်သည် အိန္ဒိယ သမ္မတသစ် ဒရော်ပါဒီ မူရမူအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-25 18:40:18  

ယခုလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အိန္ဒိယ သမ္မတသစ် ဒရော်ပါဒီ မူရမူအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အိန္ဒိယ အချင်းချင်းတို့သည် အရေးကြီးသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ပုံမှန်တည်ငြိမ်သော တရုတ်နှင့် အိန္ဒိယ ဆက်ဆံမှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက်လည်း အကျိုးရှိပါကြောင်း၊ မိမိသည် နှစ်နိုင်ငံ ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ သဘောကွဲလွဲမှု များကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် နှစ်နိုင်ငံ ဆက်ဆံမှု ရှေ့သို့ မှန်ကန်စွာ တိုးတက်စေရန် သမ္မတ မူရမူနှင့် လက်တွဲ ကြိုးပမ်းလိုပါကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။