အသက် ၁၀၃ နှစ်အရွယ် ဖွားဖွားက ဆင်းရဲသောကျောင်းသားများအတွက် ယွမ် ၃၀၆၀၀၀ ထောက်ပံ့ပေး

(GMT+08:00)2022-07-25 18:49:35  

အသက် ၁၀၃ နှစ်အရွယ် ဖွားဖွား Fang Ailan သည် အပျိုကြီးဖြစ်ပြီး ရိုးရှင်းသော ဘဝဖြင့် နေထိုင်သည်။ သူမသည် မောင်ငယ်၊ ညီမငယ်လေးများ ပေးပို့သော ငွေကြေးအားလုံးကို စုဆောင်းပြီး စုစုပေါင်း တရုတ်ယွမ် ၃၀၆၀၀၀ ဖြင့် ဆင်းရဲသော ကျောင်းသားများကို ထောက်ပံ့ပေးသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် စေတနာကောင်းသော ဖွားဖွား ကွယ်လွန်သွားရှာသည်။ ပြီးခဲ့သောတစ်ပတ်အတွင်း ၄င်း၏ နောက်ဆုံးတစ်သုတ် အလှူငွေသည် ကျောင်းသား ၆ ဦးကျောင်းတက်ရန် ထောက်ပံ့ပေးသည်။ ထို့အပြင် ဖွားဖွားသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့က ရုပ်အလောင်းလှူဒါန်းမှု အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး ၄င်းသည် ကျဲ့ကျန်းပြည်နယ်မှ အသက်အကြီးဆုံး ရုပ်အလောင်း အလှူရှင် ဖြစ်သည်။